မာတိကာသို့ ခုန်သွားရန်

ဗြိတိသျှပြတိုက်

ဝီကီပီးဒီးယား မှ
ဗြိတိသျှပြတိုက်
Image
ဗြိတိသျှပြတိုက် သည် Central London တွင် တည်ရှိသည်
ဗြိတိသျှပြတိုက်
Location within central London
တည်ထောင်ခြင်း၁၇၅၃; ၂၇၃ နှစ် အကြာက (၁၇၅၃)
တည်နေရာဂရိတ်ရပ်ဆဲလ်လမ်း၊ လန်ဒန်မြို့Image အင်္ဂလန်
ကိုဩဒိနိတ် 51°31′10″N 0°07′37″W / 51.519459°N 0.126931°W / 51.519459; -0.126931
စုဆောင်းပစ္စည်း အရေအတွက်ခန့်မှန်းခြေ ၈ သန်း[]
လည်ပတ်သူများ၆,၇၀၁,၀၄၃ (၂၀၁၄)[]
  • နိုင်ငံတွင်းတွင် လည်ပတ်သူအများဆုံး
  • တစ်ကမ္ဘာလုံးတွင် စတုတ္ထအများဆုံး
Public transit accessလန်ဒန်မြေအောက်ရထား
ဝက်ဘ်ဆိုဒ်britishmuseum.org
Image


ဗြိတိသျှပြတိုက်သည် လန်ဒန်မြို့တွင် တည်ရှိပြီး လူ့သမိုင်းနှင့် ယဉ်ကျေးမှု ပြတိုက်တခု ဖြစ်သည်။ ကမ္ဘာအရပ်ရပ်မှ စုဆောင်းသိမ်းဆည်းထားသည့် မှတ်တမ်းများ၊ ရုပ်ပုံများ အပါအဝင် ရှေးဟောင်း အနုပညာလက်ရာ ပစ္စည်းအရေအတွက်ပေါင်း ၇ သန်းခန့်ရှိပြီး သမိုင်းဦးခေတ်မှ မျက်မှောက်ခေတ်ကာလအထိ ဖြစ်ပျက်ခဲ့သည့် လူ့ယဉ်ကျေးမှု သမိုင်းအကြောင်းကို ကျယ်ကျယ်ပျံ့ပျံ့ မှော်ကွန်းတင် ပြသထားသည့် ကမ္ဘာ့အကြီးမားဆုံး စာရင်းဝင် ပြတိုက်တခုလည်းဖြစ်သည်။

ဗြိတိသျှပြတိုက်ကို ဆာဘွဲ့ရ သမားတော်ကြီး ဟန်းစ်စလုံး (Sir Hans Sloane) စုဆောင်းခဲ့သည့် ရှေးဟောင်းပစ္စည်းများဖြင့် အခြေခံ၍ ၁၇၅၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ၁၇၅၉ ခုနှစ် ဇန္နဝါရီလ ၁၅ ရက်နေ့တွင် အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် လက်ရှိပြတိုက် အဆောက်အဦးတည်ရှိရာ ဘလွန်းစ်ဘာရီရှိ မွန်တေဂူဂေဟာတွင် ဖွင့်လှစ်ခဲ့သည်။ လွန်ခဲ့သည့် နှစ် ၂၅၀ အတွင်း တိုးချဲ့ဆောက်လုပ်မှုကြောင့် ဌာနခွဲများစွာ ရှိလာရသည်။ ၁၈၈၇ ခုနှစ်တွင် ပထမဦးဆုံး တောင်ဘက်ကန်ဆင်တန်ရှိ သဘာ၀သမိုင်းပြတိုက်အား တိုးချဲ့ခဲ့သည်။ ဗြိတိသျှပြတိုက်၏ စာဖတ်ခန်းကို ၁၉၉၇ ခုနှစ်တွင် လက်ရှိဗြိတိသျှစာကြည့်တိုက်ဖြင့် အစားထိုးပြီးချိန်တွင် ဗြိတိသျှပြတိုက်သည် ရှေးဟောင်းပစ္စည်းများနှင့် စာကြည့်တိုက်အား အဆောက်အဦးတခုတည်းတွင် ထားရှိသည့် ပြတိုက်တခု ဖြစ်လာသည်။

ဗြိတိသျှပြတိုက်သည် အစိုးရမဟုတ်သည့် ပြည်သူပိုင်ဌာနဖြစ်ပြီး လက်ရှိတွင် ဗြိတိန်နိုင်ငံ ယဉ်ကျေးမှု၊ မီဒီယာနှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ယူ ပံ့ပိုးထားသည်။ ဗြိတိန်ရှိ အခြားအမျိုးသားပြတိုက်များနှင့် အနုပညာပြခန်းများကဲ့သို့ ဗြိတိသျှပြတိုက်သို့ အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်သည်။ သို့သော်လည်း အထူးပြပွဲတချို့အတွက် ဝင်ကြေးပေးရန်လိုသည်။ ၂၀၀၁ ခုနှစ်မှစ၍ ပြတိုက်၏ ညွှန်ကြားရေးမှူးမှာ မစ္စတာ နေးလ် မဂ္ဂရက်ဂါ (Neil MacGregor) ဖြစ်သည်။ ပြတိုက်ကို နေ့စဉ် နံနက် ၁၀း၀၀ မှ ညနေ ၅း၀၀ နာရီအထိ ဖွင့်လှစ်ထားသည်။[]


ပြခန်းများ

[ပြင်ဆင်ရန်]
Building
Floor Plans
Museum Galleries

ရှေးဟောင်းအီဂျစ်နှင့် ဆူဒန်

ရှေးဟောင်း အရှေ့တိုင်း(အနီး)

ဂရိနှင့် ရောမခေတ်

ပြပွဲများ

ပျောက်ဆုံးနေသော အင်ပါယာပြပွဲ (၂၀၀၅ အောက်တိုဘာ - ၂၀၀၆ ဇန္နဝါရီ)

ကိုးကား

[ပြင်ဆင်ရန်]
  1. Collection size British Museum
  2. Mark Brown, arts correspondent။ The British Museum celebrates 255 years with record visitor numbers The Guardian။ 15 January 2014 တွင် ပြန်စစ်ပြီး။
  3. The British Museum in London (၂၀၂၃-၀၄-၂၂)။ ၂၀၂၃-၀၄-၂၀ တွင် မူရင်းအား မော်ကွန်းတင်ပြီး။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]