သန်းညိန်း
ဦး သန်းညွန်း | |
|---|---|
| ၁၂ ဦးမြောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ | |
| တာဝန်သက်တမ်း ၂ ဖေဖော်ဝါရီ ၂၀၂၁ – ၁၉ ဩဂုတ် ၂၀၂၂ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| လက်ထောက် | ဦးဝင်းသော် (ဒုဥက္ကဋ္ဌ) ဒေါ်သန်းသန်းဆွေ (ဒုဥက္ကဋ္ဌ) |
| ယခင်လူ | ဦးကျော်ကျော်မောင် |
| ဆက်ခံသူ | ဒေါ်သန်းသန်းဆွေ |
| ၁၀ ဦးမြောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ | |
| တာဝန်သက်တမ်း ၁၂ ဧပြီ ၂၀၀၇ – ၃၁ ဇူလိုင် ၂၀၁၃ | |
| ခန့်အပ်သူ | ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးသိန်းစိန် (သမ္မတ) |
| ယခင်လူ | ဦးကျော်ကျော်မောင် |
| ဆက်ခံသူ | ဦးကျော်ကျော်မောင် |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ဖေဖော်ဝါရီ ၂၉၊ ၁၉၅၂ ကော့ကရိတ်မြို့၊ ကရင်ပြည်နယ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ |
| ကြင်ဖော် | ဒေါ်ခင်သွယ်သွယ်မြင့် |
| သားသမီး | သား ၂ဦး |
ဦးသန်းညိန်း (၂၉ ဖေဖော်ဝါရီ ၁၉၅၂ ဖွား) သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ယခင် ဥက္ကဋ္ဌတစ်ဦး ဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာ မူဝါဒများကို ဦးဆောင်ခဲ့သူဖြစ်သည်။
ဝန်ထမ်းဘဝ
[ပြင်ဆင်ရန်]ဦးသန်းညိန်းသည် စစ်မှုထမ်းတစ်ဦးဖြစ်ပြီး ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် တပ်မတော် မှနေ၍ ဗိုလ်ချုပ် လှထွန်း ဦးဆောင်သော ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် တွင်ဗိုလ်မှူးကြီးရာထူးဖြင့် ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၁]
ထိုစဉ်ကာလက ဗဟိုဘဏ်သည် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းမဖြစ်သေးဘဲ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန လက်အောက်တွင် ဌာနတစ်ခုအဖြစ် ရပ်တည်နေချိန်ဖြစ်သည်။ဝန်ကြီး ဗိုလ်ချုပ်လှထွန်း နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသူ ၎င်းသည် ၂၀၀၇ ခုနှစ် ဧပြီလ ၁၂ရက်နေ့တွင် ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ရာထူးတိုးမြှင့်ခြင်းခံရသည်။[၂]
ထိုတာဝန်ကို သမ္မတဦးသိန်းစိန် လက်ထက်ကာလ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၀ ရက် အထိ တစ်ဆက်တည်း ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။
ဗဟိုဘဏ် ဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌ ရာထူးတာဝန်များ
[ပြင်ဆင်ရန်]၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်တွင် ပြည်ထောင်စုလွှတ်တော် သည် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၆/၂၀၁၃ ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ အသစ်ကို ပြဋ္ဌာန်းခဲ့သည်။ အသစ်ပြဋ္ဌာန်းချက်အရ ဗဟိုဘဏ်သည် ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ခံ မဟုတ်ဘဲ နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်ကွပ်ကွဲမှုအောက်တွင် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်လာပြီး ဗဟိုဘဏ်ဥက္ကဋ္ဌ သည် ပြည်ထောင်စုဝန်ကြီးအဆင့်၊ ဒုတိယ ဥက္ကဋ္ဌ များသည် ဒုဝန်ကြီးအဆင့်အဖြစ် သတ်မှတ်ခဲ့ကြသည်။
၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ရက်တွင် သမ္မတ ဦးသိန်းစိန် က ဗဟိုဘဏ်ဥက္ကဋ္ဌ အဖြစ် ဦးကျော်ကျော်မောင်၊ဒုတိယဥက္ကဋ္ဌများအဖြစ် ဦးသန်းညိန်း နှင့် ဒေါ် ခင်စောဦး တို့ကို ခန့်အပ်တာဝန်ပေးခဲ့သည်။[၃]
ထို့နောက် ဦးသန်းညိန်း သည် ၎င်း၏ သဘောဆန္ဒအလျောက် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ခွင့်ပြုရန် သမ္မတရုံးသို့ စာတင်ခဲ့ပြီး သမ္မတရုံးက ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်စွဲပါ အမိန့်အမှတ် ၄၇/၂၀၁၃ ဖြင့် ရာထူးမှ အနားပေးခဲ့သည်။[၄] [၅]
၂၀၂၁ ခုနှစ် နောက်ပိုင်းအခြေအနေ
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်တွင် ဦးသန်းညိန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ အမိန့်အမှတ် ၈/၂၀၂၁ ဖြင့် ဗဟိုဘဏ်၏ ဥက္ကဋ္ဌအဖြစ် ပြန်လည် ခန့်အပ်ခံရခဲ့သည်။[၆]
၂၀၂၂ ခုနှစ် ဩဂုတ်လတွင် စစ်ကောင်စီက ဦးသန်းညိန်းအား ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးရာထူးမှ ဖယ်ရှားကာ ဒေါ်သန်းသန်းဆွေကို အစားခန့်အပ်ခဲ့သည်။
ပုဂ္ဂိုလ်ရေးဘဝ
[ပြင်ဆင်ရန်]ဦးသန်းညိန်း သည် အိမ်ထောင်သည် တစ်ဦးဖြစ်သည်။၁၉၇၇ ခုနှစ် မေလ ၁ရက်နေ့တွင် ဇနီးဖြစ်သူ ဒေါ်ခင်သွယ်သွယ်မြင့် နှင့် အိမ်ထောင်ကျခဲ့ပြီး နိုင်ညိန်း နှင့် ချမ်းညိန်း သား ၂ဦး ထွန်းကားခဲ့သည်။[၇]
ဒဏ်ခတ်ပိတ်ဆို့ခံခြင်း
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ်၊ မေ ၁၇ ရက်တွင် အမေရိကန်အစိုးရက ဦးသန်းညိန်းအပါအဝင် စစ်ကောင်စီနှင့် ဆက်စပ်နေသူများအား ဒဏ်ခတ်စာရင်း ထည့်သွင်းခဲ့သည်။[၈]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ကျပ်သိန်းနှစ်ဆယ်တန် ကွန်ပျူတာနှင့်ပရိုဂျက်တာတစ်စုံစီ ဘဏ္ဍာ/အခွန်မိသားစုက အမှတ်၂ တပ်မတော်ဆေးရုံသို့ လှူဒါန်း။ ၂၀၀၄ ခုနှစ် ဇွန်လ ၁၀ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ။စာမျက်နှာ(၁၂) (၉ ဇွန် ၂၀၀၄)။ ၃ ဇွန် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ "Myanmar coup leader reappoints junta-era central bank governor"၊ Reuters၊ February 2, 2021။ 2025-5-31 တွင် ပြန်စစ်ပြီး။ Archived from the original on 2025-5-31။
- ↑ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၂၉/၂၀၁၃၊မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌ များ ခန့်အပ်တာဝန်ပေးခြင်း။ မြန်မာနိုင်ငံတော်ပြန်တမ်း (၃၁ ဇူလိုင် ၂၀၁၃)။ ၃ ဇွန် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းညိန်း ရာထူးမှ နုတ်ထွက်။ The Irrawaddy (၂၄ အောက်တိုဘာ ၂၀၁၃)။ ၃ ဇွန် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ရာထူး အပြောင်းအလဲကြောင့် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ နုတ်ထွက်။ The Irrawaddy (၂၄ အောက်တိုဘာ ၂၀၁၃)။ ၃ ဇွန် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑
- ↑ ၂၉ နှစ်ပြည့် မင်္ဂလာဆုတောင်း။ ၂၀၀၆ ခုနှစ် မေလ ၁ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊စာမျက်နှာ (၁၄) (၁ မေ ၂၀၀၆)။ ၃ ဇွန် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ "US imposes sanctions on Myanmar central bank governor"၊ Central Banking။ 2025-5-31 တွင် ပြန်စစ်ပြီး။ Archived from the original on 2025-5-31။