မာတိကာသို့ ခုန်သွားရန်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဝန်ကြီးချုပ်

ဝီကီပီးဒီးယား မှ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၏ ဝန်ကြီးချုပ်
Image
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်၏ တံဆိပ်
Image
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်၏ အလံတော်
Image
တာဝန်ထမ်းဆောင်ဆဲပုဂ္ဂိုလ်
တာရစ် ရာဟ်မန်

၁၇ ဖေဖော်ဝါရီ ၂၀၂၆ မှစ၍
  • ဘင်္ဂလားဒေ့ရှ် အစိုးရ
  • ဝန်ကြီးချုပ်ရုံး (ဘင်္ဂလားဒေ့ရှ်)
  • အစိုးရအဖွဲ့ဌာန
အမျိုးအစားအစိုးရအကြီးအကဲ
အတိုကောက်PM
အဖွဲ့ဝင်
  • ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့
  • ဘင်္ဂလားဒေ့ရှ်လွှတ်တော်
  • ဘင်္ဂလားဒေ့ရှ်စစ်တပ်
  • ဘင်္ဂလားဒေ့ရှ် စီမံကိန်းကော်မရှင်
  • ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးဌာန
  • အမျိုးသားလုံခြုံရေးကော်မတီ
အစီရင်ခံရသူ
  • သမ္မတ
  • ဘင်္ဂလားဒေ့ရှ် ပါလီမန်
ခန့်အပ်သူလွှတ်တော်၏ ရွေးချယ်မှုဖြင့် သမ္မတက ခန့်အပ်ခြင်း
သက်တမ်း
သက်တမ်း ၅ နှစ်ဖြစ်ပြီး၊ ဆက်လက်ရွေးချယ်ခံရပါက သက်တမ်းကန့်သတ်ချက် မရှိ။
ဖွဲ့စည်းပုံ အခြေခံဥပဒေဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေ
စတင်ထမ်းဆောင်သူတာဇုဒင် အာဟမတ်
ဖွဲ့စည်းခြင်း၁၇ ဧပြီ ၁၉၇၁; ၅၅ နှစ် အကြာက (၁၉၇၁-၀၄-17)
လက်ထောက်ဘင်္ဂလားဒေ့ရှ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ
ဝက်ဘ်ဆိုဒ်pmo.gov.bd

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဝန်ကြီးချုပ် (တရားဝင်) ဘင်္ဂလားဒေ့ရှ် ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရအဖွဲ့၏ အကြီးအကဲ ဖြစ်သည်။ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ၎င်းတို့၏ မူဝါဒများနှင့် လုပ်ဆောင်ချက်များအတွက် လွှတ်တော်၊ ၎င်းတို့၏ နိုင်ငံရေးပါတီနှင့် နောက်ဆုံးတွင် မဲဆန္ဒရှင်များအတွက် စုပေါင်းတာဝန်ခံရသည်။

ဝန်ကြီးချုပ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတက အခမ်းအနားဖြင့် ခန့်အပ်သည်။

သမိုင်းအကျဉ်း

[ပြင်ဆင်ရန်]

ဝန်ကြီးချုပ်ရာထူးသည် ၁၉၇၁ ခုနှစ်၊ဧပြီ ၁၇ ရက် တွင် စတင်ခဲ့သည်။ပထမဦးဆုံး ဝန်ကြီးချုပ်မှာ တာဇုဒင် အာဟမတ် ဖြစ်သည်။ပထမဦးဆုံး အမျိုးသမီးဝန်ကြီးချုပ် မှာ ခါလီဒါ ဇီယာ ဖြစ်ပြီး၊ရှိတ်ဟာဆီနာ သည် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ချိန်အထိ နိုင်ငံ့သမိုင်းတွင် သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သူ ဖြစ်ခဲ့သည်။[]

ဘင်္ဂလားဒေ့ရှ်နိုင်ငံ သည် စစ်အုပ်ချုပ်ရေးကြောင့် ဝန်ကြီးချုပ်ရာထူးကို ၁၉၇၅-၇၈၊ ၁၉၈၂-၈၆ နှင့် ၁၉၉၀-၉၁ ခုနှစ်များအတွင်း စစ်တပ်က လွှဲပြောင်းရယူခဲ့သည်။ ထိုခေတ်ကာလတစ်ခုစီတွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုကို သမ္မတနှင့် ဝန်ကြီးချုပ်၏ အုပ်ချုပ်မှုအာဏာပုံစံဖြင့် စစ်တပ်က ချုပ်ကိုင်၍ အုပ်ချုပ် ခဲ့သည်။

၁၉၉၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အကြား ကာလများအတွင်း အိမ်စောင့်အစိုးရ၏ အကြံပေးအရာရှိချုပ်သည် ရွေးကောက်ခံအစိုးရတစ်ခုမှ နောက်တစ်ခုသို့ အသွင်ကူးပြောင်းရေးကာလတွင် အမှုဆောင်အရာရှိချုပ်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အာဏာကို ရက်ပေါင်း ၉၀ ကျင့်သုံးခဲ့သည်။

အကြံပေးအရာရှိချုပ် သည် အကြံပေး (၁၀)ဦး ပါဝင်သော အကြံပေးကော်မတီကို ဦးဆောင်ခဲ့သည်။

အကြမ်းဖျင်းအားဖြင့် ရွေးကောက်ခံ ဝန်ကြီးချုပ်တစ်ဦးနှင့် ညီမျှသော အာဏာဖြင့် ၎င်း၏ အုပ်ချုပ်မှုအာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်သည်။ထိုသို့ ကြားကာလ၌ အကြံပေးအရာရှိချုပ် ထားရှိမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၅ ကြိမ်မြောက် ပြင်ဆင်မှုဖြင့် ၂၀၁၁ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။ သို့သော် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင်၊ ၁၅ ကြိမ်မြောက် ပြင်ဆင်ချက်ကို ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်က တရားမဝင်ဟု ကြေညာခဲ့သည်။[]

ဝန်ကြီးချုပ်ခန့်အပ်ခြင်း

[ပြင်ဆင်ရန်]

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကော်မရှင် သည် ပါလီမန်အထွေထွေရွေးကောက်ပွဲ ကို ကျင်းပသည်။ မဲဆန္ဒရှင်များ၏ ရွေးချယ်မှုရလဒ်ပေါ်မူတည်ပြီး လွှတ်တော်တွင် ရရှိသည့် အမတ်နေရာအရေအတွက် အနည်းအများအရ အမတ်နေရာအများဆုံးရသည့် ပါတီခေါင်းဆောင်သည် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ရသည်။

ခန့်အပ်မှုကို သမ္မတက ဆောင်ရွက်ရသည်။ ဝန်ကြီးချုပ်သည် အစိုးရအကြီးအကဲတာဝန်ထမ်းဆောင်ရပြီး၊လွှတ်တော်၏ ယုံကြည်မှုကိုလည်း ရရှိရမည်ဖြစ်သည်။ အစိုးရအဖွဲ့ဝင်များကို ဝန်ကြီးချုပ်က ရွေးချယ်ပြီး၊ တာဝန်ပေးအပ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတသည် ဝန်ကြီးချုပ်၏ စာဖြင့် ပါလီမန်ကို ဖျက်သိမ်းနိုင်သည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့် အခြားဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများကို သမ္မတက ခန့်အပ်ရသည်။ အနည်းဆုံး ကိုးပုံတစ်ပုံသည် လွှတ်တော်အမတ်များထဲမှ ခန့်အပ်ရမည့် ကန့်သတ်ချက်ရှိပြီး၊ဆယ်ပုံတစ်ပုံထက် မပိုသော အရေအတွက်၌ လွှတ်တော်အမတ်အဖြစ် ရွေးကောက်ပွဲဝင်ရန် အရည်အချင်းပြည့်မီသူများကိုပင် ရွေးချယ်ခန့်ထားပိုင်ခွင့် ပေးအပ်ထားသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. "Sheikh Hasina: child of the revolution who eroded Bangladesh's democracy"၊ The Guardian၊ 6 August 2024။
  2. "15th amendment to constitution declared illegal" (in en)၊ The Financial Express (Bangladesh)၊ 17 December 2024။