ယူရို


ယူရို (သင်္ကေတ: €; ငွေကြေးကုဒ်: EUR)သည် ယူရိုဇုန်အဖွဲ့တွင် ပါဝင်သော နိုင်ငံများတွင် အသုံးပြုသော ငွေကြေး ဖြစ်သည်။ တစ်ယူရိုကို ၁၀၀ ဆင့် ပါဝင်သည်။[၁] (singular) or "cents" (unofficially).[၂]
၁၉၉၉ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၀၂ ခုနှစ် နှစ်စအထိ တကယ့်ငွေကြေးကဲ့ သို့ အသုံးမပြုသေးပါ။ ၂၀၀၂ ခုနှစ်အတွင်း အီးယူ နိုင်ငံပေါင်း ၁၂ နိုင်ငံက သက်ဆိုင်ရာ ငွေကြေးများကို ပယ်ဖျက်ပြီး ယူရိုငွေစက္ကူ နှင့် အကြွေစေ့များကို စတင်အသုံးပြုခဲ့သည်။ ထိုအတော အတွင်း အသွင်ပြောင်းကာလ ဟု သတ်မှတ်ပြီး ယခင်ငွေကြေး အဟောင်းများနှင့် ယူရိုကို တွဲသုံးစေသည်။ သို့သော် ၂၈ ဖေဖော်ဝါရီ ၂၀၀၂ အရောက်တွင်မူ အဆိုပါ ၁၂ နိုင်ငံသည် ယူရိုငွေကြေးကို သာ သုံးစွဲစေတော့သည်။
၂၀၀၇ ခုနှစ်တွင် ဆလိုဗေးနီးယား သည် ၁၃ ခုမြောက် အဖြစ်လည်းကောင်း၊ ၂၀၀၈ တွင် ဆိုက်ပရပ် နှင့် မော်တာ နိုင်ငံတို့သည် ၁၄ ခုမြောက်နှင့် ၁၅ ခုမြောက် အဖြစ်လည်းကောင်း၊ ၂၀၀၉ တွင် ဆလိုဗက်ကီးယား သည် ၁၆ ခုမြောက် အဖြစ်လည်းကောင်း၊ ၂၀၁၁ တွင် အက်စတိုးနီးယားသည် ၁၇ ခုမြောက် ယူရိုငွေကြေးသုံးသော နိုင်ငံများ အသီးသီး ဖြစ်လာကြသည်။ ယူရိုငွေစက္ကူ ၇ မျိုးရှိပြီး တစ်မျိုးစီ အတွက် သီးသန့် အရောင်၊ အရွယ်အစား နှင့် တန်ဖိုးများ ရှိကြသည်။၎င်းတို့မှာ -
- €၅ မီးခိုးရောင်
- €၁၀ အနီရောင်
- €၂၀ အပြာရောင်
- €၅၀ လိမ္မော်ရောင်
- €၁၀၀ အစိမ်းရောင်
- €၂၀၀ အဝါရောင်
- €၅၀၀ ခရမ်းရောင် တို့ဖြစ်ကြသည်။
အကြွေစေ့များတွင် ၈ မျိုးရှိပြီး
- €၀.၀၁
- €၀.၀၂
- €၀.၀၅
- €၀.၁၀
- €၀.၂၀
- €၀.၅၀
- € ၁
- € ၂
ဟူ၍ တန်ဖိုး အသီးသီးရှိကြသည်။
ငွေစက္ကူတိုင်းပေါ်တွင် ဉရောပအဆောက်အဦးရုပ်ပုံများကို ရိုက်နှိပ်ထားသည်။ ယူရိုဇုန် တစ်ခုလုံးတွင် ငွေစက္ကူတိုင်းသည် ပုံစံတူ များဖြစ်သော်လည်း အကြွေစေ့များမှာမူ ကွဲပြားသည်။ ငွေအကြွေစေ့များ၏ တစ်ဖက်သာ အတူတူ ပင်ဖြစ်သော်လည်း အခြားတစ်ဖက် ကိုမူ ထုတ်ဝေသော နိုင်ငံ၏ သက်ဆိုင်ရာ သင်္ကေတ ကို ထည့်သွင်းထားသည်။ ယခုအခါ ယူရိုအကြွေစေ့ ၁၂ စုံ ရှိသည်။ ထိုကဲ့သို့ သင်္ကေတများ ခြားနားသော်လည်း ယူရိုဇုန်တစ်ခုလုံးတွင် သုံးစွဲနိုင်သည်။
အီးယူ အဖွဲ့ဝင်အသစ် ၁၀ နိုင်ငံ သည်လည်း ယူရိုငွေကြေးသုံးရန် ၂၀၀၄ မေ မှ စတင် စီစဉ်ခဲ့ကြသည်။ ထိုကဲ့သို့ သုံးစွဲရန် ဦးစွာပထမ ၎င်းတို့၏ ငွေကြေးများတည်ငြိမ်ရန် လိုအပ်ပေသည်။
သင်္ကေတ
[ပြင်ဆင်ရန်]
ဂရိအက္ခရာ epsilon (E)ကို လိုင်းနှစ်ကြောင်းထည့်ပြီး € ယူရိုငွေကြေး၏သင်္ကေတ အဖြစ်သတ်မှတ်ထားသည်။ အချို့လူများက လက်တင်အက္ခရာ စီအကြီး ကို ညီမျှခြင်း ထည့်ထားခြင်း အဖြစ် ရှုမြင်သည်။ စာအားဖြင့် euro ဟုလည်း တရားဝင်ရေးသုံးနိုင်သည်။
ယူရိုဇုန်အဖွဲ့ဝင်နိုင်ငံများမှာ-
အီးယူအဖွဲ့ဝင်မဟုတ်သော်လည်း ယူရိုငွေကြေးကို
နိုင်ငံများတွင် လည်း သုံးစွဲကြသည်။
ဆက်စပ်ကြည့်ရန်ဆိုဒ်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ European Central Bank website terminology
- ↑ European Central Bank, Covergence report May 2007 (PDF)။ 2008-12-29 တွင် ပြန်စစ်ပြီး။ “The euro is the single currency of the Member States that have adopted it. To make this singleness apparent, Community law requires a single spelling of the word euro in the nominative singular case in all Community and national legislative provisions, taking into account the existence of different alphabets.”
- ↑ "Monetary Agreement between the European Union and the Principality of Andorra" (17 December 2011). Official Journal of the European Union.
- ↑ By monetary agreement between France (acting for the EC) and Monaco။ 30 May 2010 တွင် ပြန်စစ်ပြီး။
- ↑ By monetary agreement between Italy (acting for the EC) and San Marino။ 30 May 2010 တွင် ပြန်စစ်ပြီး။
- ↑ By monetary agreement between Italy (acting for the EC) and Vatican City။ 30 May 2010 တွင် ပြန်စစ်ပြီး။
| ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
- ↑ excluding Northern Cyprus
- ↑ excluding French Polynesia, New Caledonia and Wallis and Futuna
- ↑ excluding Dutch Caribbean
<ref> tags exist for a group named "မှတ်စု", but no corresponding <references group="မှတ်စု"/> tag was found